Myeik Job Net
← အလုပ်များသို့ ပြန်သွားမည်
လျှောက်ထားနိုင်ပါသည်JOB-202610-7192

စားဖိုမှူးအကူ (Kitchen Assistant)

Beer Ocean
မြိတ် အချိန်ပြည့် ညှိနှိုင်းနိုင်သည် နေရာလွတ်: 1
ထုတ်ပြန်သည့်ရက်: 24 Oct 2026လျှောက်ထားရန် နောက်ဆုံးရက်: 30 Nov 2026

ဤအလုပ်အကြောင်း

မြိတ်မြို့၊ ကမ်းနားလမ်းတွင် ဖွင့်လှစ်ထားသော Beer Ocean – Beer & BBQ စားသောက်ဆိုင်၌ တာဝန်ထမ်းဆောင်ရန် အမျိုးသမီး စားဖိုမှူးအကူ (၁) ဦး ခေါ်ယူလိုပါသည်။

ဟင်းပွဲအပြင်အဆင်၊ အကြော်အလှော်၊ အသုပ်နှင့် အထောင်းအမျိုးမျိုး ပြင်ဆင်ချက်ပြုတ်နိုင်ပြီး မီးဖိုချောင်လုပ်ငန်းများတွင် စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ပါသည်။

လုပ်ငန်းခွင်အတွေ့အကြုံရှိရန် မလိုအပ်သော်လည်း အခြေခံချက်ပြုတ်ပြင်ဆင်မှုများကို လက်တွေ့လုပ်ကိုင်တတ်ရမည်ဖြစ်ပြီး သင်ယူလိုစိတ်ရှိကာ အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရပါမည်။

တာဝန်များ

စားဖိုမှူး၏ ညွှန်ကြားချက်အတိုင်း ဟင်းလျာများ ပြင်ဆင်ချက်ပြုတ်ရာတွင် ကူညီဆောင်ရွက်ခြင်း။

Customer များအတွက် မှာယူထားသော ဟင်းပွဲများကို သန့်ရှင်းသပ်ရပ်ပြီး စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ပေးခြင်း။

အကြော်အလှော်၊ အသုပ်နှင့် အထောင်းအမျိုးမျိုးကို သတ်မှတ်ထားသော အရသာနှင့် အရည်အသွေးအတိုင်း ပြင်ဆင်ပေးခြင်း။

ဟင်းချက်ရာတွင် အသုံးပြုမည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် အခြားကုန်ကြမ်းပစ္စည်းများကို စနစ်တကျ ပြင်ဆင်ပေးခြင်း။

မီးဖိုချောင်သုံးပစ္စည်းများ၊ ချက်ပြုတ်ရေးကိရိယာများနှင့် လုပ်ငန်းခွင်နေရာများကို သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းခြင်း။

အစားအသောက်များကို သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော နည်းလမ်းများဖြင့် ကိုင်တွယ်ပြင်ဆင်ခြင်း။

ကုန်ကြမ်းပစ္စည်းများကို စနစ်တကျ သိုလှောင်ထားရှိပြီး အလေအလွင့်နည်းပါးစေရန် ဂရုစိုက်ဆောင်ရွက်ခြင်း။

Order များ အချိန်မီပြီးစီးစေရန် စားဖိုမှူးနှင့် အခြားမီးဖိုချောင်ဝန်ထမ်းများကို ပူးပေါင်းကူညီခြင်း။

ဆိုင်တာဝန်ခံနှင့် စားဖိုမှူးမှ ပေးအပ်သော မီးဖိုချောင်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

လိုအပ်ချက်များ

အမျိုးသမီးဖြစ်ရမည်။

အသက် (၂၅) နှစ်အောက် ဖြစ်ရမည်။

အိမ်ထောင်မရှိသူ (အပျို) ဖြစ်ရမည်။

အခြေခံစာရေးတတ်၊ ဖတ်တတ်သူ ဖြစ်ရမည်။

ကျောင်းကိစ္စကင်းရှင်းပြီး အလုပ်ကို အချိန်ပြည့် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

ဆိုင်နေ၊ ဆိုင်စားဖြင့် နေထိုင်လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။

ဟင်းပွဲများကို သန့်ရှင်းသပ်ရပ်ပြီး စားချင်စဖွယ်ဖြစ်အောင် အပြင်အဆင် ပြုလုပ်တတ်ရမည်။

အကြော်အလှော် ဟင်းလျာများကို အခြေခံပြင်ဆင်ချက်ပြုတ်တတ်ရမည်။

အသုပ်နှင့် အထောင်းအမျိုးမျိုးကို ပြင်ဆင်ပြုလုပ်တတ်ရမည်။

လုပ်ငန်းခွင်အတွေ့အကြုံရှိရန် မလိုအပ်သော်လည်း အခြေခံချက်ပြုတ်မှု ကျွမ်းကျင်မှုရှိရမည်။

မီးဖိုချောင်သန့်ရှင်းရေးနှင့် အစားအသောက်သန့်ရှင်းမှုကို အလေးထားသူ ဖြစ်ရမည်။

သင်ယူလိုစိတ်ရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသူ ဖြစ်ရမည်။

အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နိုင်သူ ဖြစ်ရမည်။

Shift အလိုက် သတ်မှတ်ထားသော အလုပ်ချိန်များတွင် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

အလုပ်ချိန်မှန်ကန်ပြီး အလုပ်အပေါ် စိတ်ရှည်သည်းခံမှုရှိသူ ဖြစ်ရမည်။

ခံစားခွင့်များ

လုပ်သက်တစ်နှစ်ပြည့်ပါက နှစ်ပြည့် Bonus ခံစားခွင့်ရှိပါသည်။

နေထိုင်ရန် နေရာအခမဲ့ စီစဉ်ပေးပါသည်။

နေ့စဉ်စားသောက်စရိတ် အခမဲ့ စီစဉ်ပေးပါသည်။

ကျွမ်းကျင်မှုများ

ဖောက်သည်ဝန်ဆောင်မှုအရောင်း

နောက်တစ်ဆင့် စတင်ပါ

ကုမ္ပဏီအကြောင်း

Beer Oceanအစားအသောက်နှင့် အဖျော်ယမကာ

Beer Ocean – Beer & BBQ သည် မြိတ်မြို့၊ ကမ်းနားလမ်းတွင် ဖွင့်လှစ်ထားသော Beer & BBQ စားသောက်ဆိုင်တစ်ဆိုင်ဖြစ်ပါသည်။

လာရောက်အားပေးကြသော Customer များအတွက် အရသာရှိသော BBQ အစားအသောက်များ၊ ဘီယာနှင့် အခြားသောက်စရာများကို ကောင်းမွန်သော ဝန်ဆောင်မှုများနှင့်အတူ ပေးအပ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။

မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုဝင်များနှင့်အတူ အေးချမ်းပျော်ရွှင်စွာ အနားယူစားသောက်နိုင်မည့် နေရာတစ်ခုဖြစ်စေရန် ကြိုးပမ်းလျက်ရှိပါသည်။

Beer Ocean အနေဖြင့် လုပ်ငန်းတိုးတက်ရေးနှင့် Customer Service ကောင်းမွန်ရေးကို အလေးထားပြီး အသင်းအဖွဲ့စိတ်ဓာတ်ရှိကာ တာဝန်ယူမှုရှိသော ဝန်ထမ်းများနှင့်အတူ လက်တွဲလုပ်ကိုင်သွားရန် ရည်ရွယ်ပါသည်။

အလုပ် 2 ခု · ကုမ္ပဏီအကြောင်းကြည့်ရန် →