Myeik Job Net
← အလုပ်များသို့ ပြန်သွားမည်
လျှောက်ထားနိုင်ပါသည်JOB-202610-1298

Inventory Officer (မြိတ်ရုံးခွဲ)

အိုးရီရင့်ပုလဲ ကုမ္ပဏီလိမိတက်
မြိတ် အချိန်ပြည့် လစာ မဖော်ပြထားပါ နေရာလွတ်: 2
ထုတ်ပြန်သည့်ရက်: 22 Oct 2026လျှောက်ထားရန် နောက်ဆုံးရက်: 31 Oct 2026

ဤအလုပ်အကြောင်း

**Asia Dynasty Holding ကုမ္ပဏီ (Orient Pearl Co., Ltd.)** မှ မြိတ်ရုံးတွင် တာဝန်ထမ်းဆောင်ရန်အတွက် **Inventory Officer (ကုန်ပစ္စည်းစာရင်းထိန်းသိမ်းရေးအရာရှိ) အမျိုးသား (၂) ဦး** ခေါ်ယူလျက်ရှိပါသည်။

တာဝန်ထမ်းဆောင်ရမည့်သူသည် ကုန်ပစ္စည်းအဝင်အထွက်စာရင်းများ မှန်ကန်တိကျစွာ မှတ်တမ်းတင်ခြင်း၊ ကုန်ပစ္စည်းလက်ကျန်များ စစ်ဆေးထိန်းချုပ်ခြင်း၊ Stock Software ဖြင့် စာရင်းများ စနစ်တကျ ထိန်းသိမ်းခြင်းနှင့် သက်ဆိုင်ရာ Inventory Report များ ပြုစုတင်ပြခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပါသည်။

တာဝန်များ

၁။ ကုန်ပစ္စည်းအဝင်၊ အထွက်၊ နေရာရွှေ့ပြောင်းခြင်းနှင့် ခွင့်ပြုချက်ရရှိထားသော စာရင်းပြင်ဆင်ညှိနှိုင်းမှုများကို မှန်ကန်တိကျစွာနှင့် အချိန်မီ မှတ်တမ်းတင်ရမည်။

၂။ ကုန်ပစ္စည်းလက်ကျန်စာရင်းများ၊ အခြေခံကုန်ပစ္စည်းအချက်အလက်များ (Master Data) နှင့် သက်ဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို မှန်ကန်တိကျစွာ စနစ်တကျ ထိန်းသိမ်းရမည်။

၃။ ကုန်ပစ္စည်းအဝင်အထွက်နှင့် သက်ဆိုင်သော လုပ်ငန်းဆောင်ရွက်ချက်အားလုံးတွင် သတ်မှတ်ထားသော အတည်ပြုခွင့်ပြုချက်များနှင့် စာရွက်စာတမ်းအထောက်အထားများ ပြည့်စုံမှုရှိစေရန် စစ်ဆေးဆောင်ရွက်ရမည်။

၄။ လက်တွေ့ကုန်ပစ္စည်းလက်ကျန် စစ်ဆေးရေတွက်ခြင်း (Physical Stock Count) လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပြီး စာရင်းလက်ကျန်နှင့် လက်တွေ့လက်ကျန် ကွာခြားချက်များကို စစ်ဆေးညှိနှိုင်းရာတွင် ကူညီဆောင်ရွက်ရမည်။

၅။ ကုန်ပစ္စည်းအဝင်အထွက်စာရင်း (Inventory Movement Report)၊ ကုန်ပစ္စည်းလက်ကျန်စာရင်း (Inventory Balance Report) နှင့် အခြားလိုအပ်သော အစီရင်ခံစာများကို ပြုစုထိန်းသိမ်းပြီး Senior Inventory Officer ထံ သတ်မှတ်ချက်များအတိုင်း တင်ပြရမည်။

၆။ ကုမ္ပဏီမှ သတ်မှတ်ထားသော ကုန်ပစ္စည်းစာရင်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ခွင့်ပြုချက်ရယူမှုစည်းမျဉ်းများနှင့် စာရင်းမှတ်တမ်းထိန်းသိမ်းမှုစံနှုန်းများကို လိုက်နာဆောင်ရွက်ရမည်။

၇။ ကုန်ပစ္စည်းစာရင်းဆိုင်ရာ လုပ်ငန်းကိစ္စများအတွက် Inventory Controller၊ Warehouse၊ Procurement နှင့် Finance ဌာနများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမည်။

လိုအပ်ချက်များ

ကျား/မ (Gender): အမျိုးသားဖြစ်ရမည်။

အသက် (Age): အသက် (၂၅) နှစ်မှ (၃၅) နှစ်အတွင်း ဖြစ်ရမည်။

ပညာအရည်အချင်း (Education): Supply Chain Management၊ Logistics သို့မဟုတ် သက်ဆိုင်ရာ ဘာသာရပ်တစ်ခုခုဖြင့် ဘွဲ့ရရှိထားသူ ဖြစ်ရမည်။

လုပ်ငန်းအတွေ့အကြုံ (Experience): ကုန်ပစ္စည်းစာရင်းစီမံခန့်ခွဲခြင်း (Inventory Management)၊ ဂိုဒေါင်လုပ်ငန်းဆောင်ရွက်ခြင်း (Warehouse Operation) သို့မဟုတ် ကုန်ပစ္စည်းလက်ကျန်ထိန်းချုပ်ခြင်း (Stock Control) လုပ်ငန်းများတွင် သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ်ရှိရမည်။

ဘာသာစကားကျွမ်းကျင်မှု (Language Skills): မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာစကားတို့ကို ပြောဆိုခြင်း၊ ဖတ်ရှုခြင်းနှင့် ရေးသားခြင်းတို့တွင် ကောင်းမွန်စွာ အသုံးပြုနိုင်ရမည်။

ကွန်ပျူတာကျွမ်းကျင်မှု (Computer Skills): Microsoft Excel နှင့် Stock Software (ကုန်ပစ္စည်းစာရင်းစီမံခန့်ခွဲမှုဆော့ဖ်ဝဲ) များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။

ကျွမ်းကျင်မှုများ

စာရင်းကိုင်အခြေခံကွန်ပျူတာအင်္ဂလိပ်ဆက်သွယ်ရေးExcel

နောက်တစ်ဆင့် စတင်ပါ

ကုမ္ပဏီအကြောင်း

အိုးရီရင့်ပုလဲ ကုမ္ပဏီလိမိတက်ထုတ်လုပ်ရေး

ကျွန်ုပ်တို့ကုမ္ပဏီသည် ၁၉၉၃-၁၉၉၄ ခုနှစ်တွင် Orient Pearl Co., Ltd. အမည်ဖြင့် ဇင်ယော်ကျွန်းပုလဲမွေးမြူထုတ်လုပ်ရေး လုပ်ငန်းကို ဝန်ထမ်းအင်အား (၆၀) ဦးခန့်ဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ ၁၉၉၉-၂၀၀၀ ခုနှစ်တွင် Orient Pearl Co., Ltd. အမည်သို့ ပြောင်းလဲခဲ့ပြီး မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းနှင့်ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားသည့်စနစ်ဖြင့်တောင်ပင်လယ်ပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်းကို ယနေ့တိုင်အောင်မြင်စွာ ဆောင်ရွက်လျက်ရှိပါသည်။
လုပ်ငန်းတိုးချဲ့မှုအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ဂျလန်းကျွန်း ပုလဲမွေးမြူထုတ်လုပ်ရေး လုပ်ငန်းနှင့် ၂၀၂၃ ခုနှစ်တွင် Aquagold Myanmar Co.,Ltd. အမည်ဖြင့် မလိကျွန်းပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်း Virgin Pearl Enterprise Limited အမည်ဖြင့် ကော့ရဲကြီး ကျွန်း ပုလဲမွေးမြူထုတ်လုပ် ရေးလုပ်ငန်းတို့၌ မုတ်ကောင်သားဖောက်မွေးမြူခြင်း၊ ဝတ်ဆံသွင်းပုလဲမွေးမြူခြင်းတို့ကို စဉ်ဆက်မပြတ် တိုးချဲ့ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာအရည်အသွေးစံချိန်စံညွှန်းများနှင့် ကိုက်ညီသော အရည်အသွေးမြင့် ပုလဲများကို ထုတ်လုပ်နိုင်ခဲ့ပါသည်။
ကျွန်ုပ်တို့၏ ထုတ်ကုန်များသည် မြန်မာနိုင်ငံအတွင်းသာမက နိုင်ငံတကာဈေးကွက်များသို့လည်း အောင်မြင်စွာ တင်ပို့ရောင်းချလျက်ရှိပြီး ယနေ့အချိန်တွင် ပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်းအတွေ့အကြုံ (၃၃) နှစ်ကျော်ကို ဂုဏ်ယူစွာ ပိုင်ဆိုင်ထားပါသည်။

အလုပ် 3 ခု · ကုမ္ပဏီအကြောင်းကြည့်ရန် →