Myeik Job Net
← အလုပ်များသို့ ပြန်သွားမည်
လျှောက်ထားနိုင်ပါသည်JOB-202610-3274

Office Staff (ရုံးဝန်ထမ်း) - အမျိုးသား

အိုးရီရင့်ပုလဲ ကုမ္ပဏီလိမိတက်
မြိတ်မြို့နယ် အချိန်ပြည့် 400,000 MMK နေရာလွတ်: 1
ထုတ်ပြန်သည့်ရက်: 19 Oct 2026လျှောက်ထားရန် နောက်ဆုံးရက်: 31 Oct 2026

ဤအလုပ်အကြောင်း

Asia Dynasty Holding Co., Ltd (Group of Companies) ၏ လက်အောက်ရှိ Orient Pearl Co., Ltd မှ ကျွန်း တွင် သွားရောက်တာဝန်ထမ်းဆောင်ရန်အတွက် ဝန်ထမ်းအမြန်ခေါ်ယူလိုပါသည်။

တာဝန်များ

• ရုံးလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများ၊ မှတ်တမ်းများနှင့် ဒေတာများကို စနစ်တကျ ပြုစုထိန်းသိမ်းခြင်း။
• ကျွန်းပေါ်ရှိ နေ့စဉ် စီမံခန့်ခွဲရေးနှင့် ရုံးလုပ်ငန်းဆောင်ရွက်မှုများတွင် ပံ့ပိုးကူညီခြင်း။
• ကျွန်းပေါ်ရှိ ပစ္စည်းစာရင်း (Inventory) နှင့် စာရင်းဇယားများကို ပုံမှန် စစ်ဆေးပြုစုခြင်း။
• ကျွန်းသို့ ဝင်/ထွက် သွားလာသူများ၊ ဝန်ထမ်းများ၏ မှတ်တမ်းများကို တိကျစွာ ရေးသွင်းထိန်းသိမ်းခြင်း။
• တာဝန်ရှိသူများမှ ပေးအပ်သော အခြား ရုံးလုပ်ငန်းဆိုင်ရာ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခြင်း။

လိုအပ်ချက်များ

• တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူ သို့မဟုတ် အထက်တန်းအဆင့် အောင်မြင်ပြီးသူ ဖြစ်ရမည်။
• ကွန်ပျူတာ (Microsoft Word, Excel, အီးမေးလ်, Internet) အသုံးပြုနိုင်သူ ဖြစ်ရမည်။
• KUBO ကျွန်းပေါ်တွင် သွားရောက်နေထိုင်၍ တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
• ဆက်ဆံရေးပြေပြစ်ပြီး အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ၊ ရိုးသားကြိုးစားသူ ဖြစ်ရမည်။
• လုပ်ငန်းအတွေ့အကြုံမရှိသူများလဲ လျှောက်ထားနိုင်ပြီး၊ နှစ်ပြည့်လုပ်နိုင်သူအား ဦးစားပေးခန့်ထားမည်။

ခံစားခွင့်များ

• ကျွန်းပေါ်တွင် နေထိုင်ရန် အဆောင် စီစဉ်ပေးပါမည်။
• နေ့စဉ် ထမင်း (၃) နပ် စီစဉ်ပေးပါမည်။
• လစာ - ၄၀၀,၀၀၀ ကျပ်၊ ရက်မှန်ကြေး
• နှစ်ပြည့်လျှင် လစာပြည့်ဖြင့် ခွင့် (၁) လ ခံစားခွင့်
• တစ်နှစ်လျှင် ဆေးခွင့် (၁၅) ခံစားခွင့်

နောက်တစ်ဆင့် စတင်ပါ

ကုမ္ပဏီအကြောင်း

အိုးရီရင့်ပုလဲ ကုမ္ပဏီလိမိတက်ထုတ်လုပ်ရေး

ကျွန်ုပ်တို့ကုမ္ပဏီသည် ၁၉၉၃-၁၉၉၄ ခုနှစ်တွင် Orient Pearl Co., Ltd. အမည်ဖြင့် ဇင်ယော်ကျွန်းပုလဲမွေးမြူထုတ်လုပ်ရေး လုပ်ငန်းကို ဝန်ထမ်းအင်အား (၆၀) ဦးခန့်ဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ ၁၉၉၉-၂၀၀၀ ခုနှစ်တွင် Orient Pearl Co., Ltd. အမည်သို့ ပြောင်းလဲခဲ့ပြီး မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းနှင့်ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားသည့်စနစ်ဖြင့်တောင်ပင်လယ်ပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်းကို ယနေ့တိုင်အောင်မြင်စွာ ဆောင်ရွက်လျက်ရှိပါသည်။
လုပ်ငန်းတိုးချဲ့မှုအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ဂျလန်းကျွန်း ပုလဲမွေးမြူထုတ်လုပ်ရေး လုပ်ငန်းနှင့် ၂၀၂၃ ခုနှစ်တွင် Aquagold Myanmar Co.,Ltd. အမည်ဖြင့် မလိကျွန်းပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်း Virgin Pearl Enterprise Limited အမည်ဖြင့် ကော့ရဲကြီး ကျွန်း ပုလဲမွေးမြူထုတ်လုပ် ရေးလုပ်ငန်းတို့၌ မုတ်ကောင်သားဖောက်မွေးမြူခြင်း၊ ဝတ်ဆံသွင်းပုလဲမွေးမြူခြင်းတို့ကို စဉ်ဆက်မပြတ် တိုးချဲ့ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာအရည်အသွေးစံချိန်စံညွှန်းများနှင့် ကိုက်ညီသော အရည်အသွေးမြင့် ပုလဲများကို ထုတ်လုပ်နိုင်ခဲ့ပါသည်။
ကျွန်ုပ်တို့၏ ထုတ်ကုန်များသည် မြန်မာနိုင်ငံအတွင်းသာမက နိုင်ငံတကာဈေးကွက်များသို့လည်း အောင်မြင်စွာ တင်ပို့ရောင်းချလျက်ရှိပြီး ယနေ့အချိန်တွင် ပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်းအတွေ့အကြုံ (၃၃) နှစ်ကျော်ကို ဂုဏ်ယူစွာ ပိုင်ဆိုင်ထားပါသည်။

အလုပ် 3 ခု · ကုမ္ပဏီအကြောင်းကြည့်ရန် →