Myeik Job Net
← အလုပ်များသို့ ပြန်သွားမည်
လျှောက်ထားနိုင်ပါသည်JOB-202610-1625

လုံခြုံရေးဝန်ထမ်း

အိုးရီရင့်ပုလဲ ကုမ္ပဏီလိမိတက်
မြိတ်မြို့နယ် အချိန်ပြည့် 300,000 MMK - 450,000 MMK နေရာလွတ်: 18
ထုတ်ပြန်သည့်ရက်: 22 Oct 2026လျှောက်ထားရန် နောက်ဆုံးရက်: 31 Oct 2026

ဤအလုပ်အကြောင်း

**Asia Dynasty Holding ကုမ္ပဏီ (Orient Pearl Co., Ltd.)** မှ မြိတ်ရုံးခွဲနှင့် သတ်မှတ်ထားသော ကျွန်းစခန်းများတွင် တာဝန်ထမ်းဆောင်ရန်အတွက် **လုံခြုံရေးဝန်ထမ်း (Security Guard) ကျား/မ (၁၅) ဦး** ခေါ်ယူလျက်ရှိပါသည်။

လျှောက်ထားသူများသည် အသက် (၁၈) နှစ်မှ (၅၀) နှစ်အတွင်းရှိပြီး ကျန်းမာရေးကောင်းမွန်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူ၊ စည်းကမ်းလိုက်နာနိုင်သူနှင့် လုံခြုံရေးတာဝန်များကို တာဝန်ယူမှုရှိစွာ ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

**လစာ - ၃၀၀,၀၀၀ ကျပ်မှ ၄၅၀,၀၀၀ ကျပ်အထိ** ဖြစ်ပြီး ရက်မှန်ကြေး (၅၀,၀၀၀) ကျပ်နှင့် သတ်မှတ်ထားသော ခံစားခွင့်များ ရရှိမည်ဖြစ်ပါသည်။ ကျွန်းစခန်းများတွင် တာဝန်ထမ်းဆောင်သူများအတွက် နေထိုင်စားသောက်ရေး အခမဲ့ စီစဉ်ပေးထားပါသည်။

**တာဝန်ထမ်းဆောင်ရမည့်နေရာများ** - မြိတ်ရုံးခွဲ၊ ဂျလန်းကျွန်း (၁)၊ ဂျလန်းကျွန်း (၂)၊ ဇင်ယော်ကျွန်း၊ ကူဘိုကျွန်း၊ မလိကြီးကျွန်းနှင့် မလိငယ်ကျွန်းတို့တွင် ကုမ္ပဏီ၏ လိုအပ်ချက်အရ တာဝန်ပေးအပ်သွားမည်ဖြစ်ပါသည်။

တာဝန်များ

၁။ ကုမ္ပဏီရုံး၊ လုပ်ငန်းခွင်နှင့် ကျွန်းစခန်းများ၏ လုံခြုံရေးကို တာဝန်ယူစောင့်ရှောက်ရမည်။

၂။ လုပ်ငန်းခွင်အတွင်း ဝင်ထွက်သွားလာသူများ၊ ယာဉ်များနှင့် ပစ္စည်းများကို သတ်မှတ်ထားသော စည်းကမ်းချက်များအတိုင်း စစ်ဆေးထိန်းချုပ်ရမည်။

၃။ တာဝန်ကျရာနေရာများတွင် ပုံမှန်လှည့်လည်စစ်ဆေးပြီး လုံခြုံရေးဆိုင်ရာ မသင်္ကာဖွယ်အခြေအနေများကို စောင့်ကြည့်ရမည်။

၄။ ကုမ္ပဏီပိုင် ပစ္စည်းများ၊ အဆောက်အအုံများနှင့် လုပ်ငန်းသုံးပစ္စည်းများ ပျက်စီးဆုံးရှုံးမှု၊ ခိုးယူမှုနှင့် အခြားလုံခြုံရေးအန္တရာယ်များမှ ကာကွယ်စောင့်ရှောက်ရမည်။

၅။ လုံခြုံရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များ၊ မတော်တဆမှုများနှင့် စည်းကမ်းဖောက်ဖျက်မှုများကို တာဝန်ရှိသူထံ အချိန်မီ သတင်းပို့ရမည်။

၆။ တာဝန်ချိန်အတွင်း လုံခြုံရေးမှတ်တမ်းများကို စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းရမည်။

၇။ အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက ကုမ္ပဏီ၏ လုံခြုံရေးလုပ်ထုံးလုပ်နည်းများအတိုင်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရမည်။

၈။ ကုမ္ပဏီမှ သတ်မှတ်ထားသော လုံခြုံရေးစည်းမျဉ်းများ၊ တာဝန်ချိန်များနှင့် အထက်အရာရှိများ၏ တရားဝင်လုပ်ငန်းညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည်။

လိုအပ်ချက်များ

အသက် (၁၈) နှစ်မှ (၅၀) နှစ်အတွင်း ဖြစ်ရမည်။

ပညာအရည်အချင်း အလယ်တန်းအဆင့်ရှိရမည်။

ကျန်းမာရေးကောင်းမွန်ပြီး အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရမည်။

ကုမ္ပဏီမှ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ရမည်။

သတ်မှတ်ထားသော ကျွန်းစခန်းများတွင် နေထိုင်၍ တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

ခံစားခွင့်များ

လစာ - ၃၀၀,၀၀၀ ကျပ်မှ ၄၅၀,၀၀၀ ကျပ်အထိ

ရက်မှန်ကြေး - ၅၀,၀၀၀ ကျပ်

လုပ်သက် (၁) နှစ်ပြည့်ပြီးပါက လစာပြည့်ဖြင့် ခွင့် (၁) လ ခံစားခွင့်ရှိမည်။

ကျွန်းစခန်းများတွင် တာဝန်ထမ်းဆောင်သူများအတွက် နေထိုင်စားသောက်ရေး အခမဲ့ စီစဉ်ပေးထားပါသည်။

နောက်တစ်ဆင့် စတင်ပါ

ကုမ္ပဏီအကြောင်း

အိုးရီရင့်ပုလဲ ကုမ္ပဏီလိမိတက်ထုတ်လုပ်ရေး

ကျွန်ုပ်တို့ကုမ္ပဏီသည် ၁၉၉၃-၁၉၉၄ ခုနှစ်တွင် Orient Pearl Co., Ltd. အမည်ဖြင့် ဇင်ယော်ကျွန်းပုလဲမွေးမြူထုတ်လုပ်ရေး လုပ်ငန်းကို ဝန်ထမ်းအင်အား (၆၀) ဦးခန့်ဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ ၁၉၉၉-၂၀၀၀ ခုနှစ်တွင် Orient Pearl Co., Ltd. အမည်သို့ ပြောင်းလဲခဲ့ပြီး မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းနှင့်ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားသည့်စနစ်ဖြင့်တောင်ပင်လယ်ပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်းကို ယနေ့တိုင်အောင်မြင်စွာ ဆောင်ရွက်လျက်ရှိပါသည်။
လုပ်ငန်းတိုးချဲ့မှုအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ဂျလန်းကျွန်း ပုလဲမွေးမြူထုတ်လုပ်ရေး လုပ်ငန်းနှင့် ၂၀၂၃ ခုနှစ်တွင် Aquagold Myanmar Co.,Ltd. အမည်ဖြင့် မလိကျွန်းပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်း Virgin Pearl Enterprise Limited အမည်ဖြင့် ကော့ရဲကြီး ကျွန်း ပုလဲမွေးမြူထုတ်လုပ် ရေးလုပ်ငန်းတို့၌ မုတ်ကောင်သားဖောက်မွေးမြူခြင်း၊ ဝတ်ဆံသွင်းပုလဲမွေးမြူခြင်းတို့ကို စဉ်ဆက်မပြတ် တိုးချဲ့ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာအရည်အသွေးစံချိန်စံညွှန်းများနှင့် ကိုက်ညီသော အရည်အသွေးမြင့် ပုလဲများကို ထုတ်လုပ်နိုင်ခဲ့ပါသည်။
ကျွန်ုပ်တို့၏ ထုတ်ကုန်များသည် မြန်မာနိုင်ငံအတွင်းသာမက နိုင်ငံတကာဈေးကွက်များသို့လည်း အောင်မြင်စွာ တင်ပို့ရောင်းချလျက်ရှိပြီး ယနေ့အချိန်တွင် ပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်းအတွေ့အကြုံ (၃၃) နှစ်ကျော်ကို ဂုဏ်ယူစွာ ပိုင်ဆိုင်ထားပါသည်။

အလုပ် 3 ခု · ကုမ္ပဏီအကြောင်းကြည့်ရန် →