ဤအလုပ်အကြောင်း
ရွှေကံမော်အကွာကားချားကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ရန် လျှပ်စစ်လုပ်ငန်းကို စိတ်ဝင်စားပြီး တာဝန်ယူမှုရှိသူများ လျှောက်ထားနိုင်ပါသည်။
တာဝန်များ
၁။ ပုစွန်မွေးမြူရေးကန်များနှင့် လုပ်ငန်းခွင်ရှိ လျှပ်စစ်စနစ်များ၊ ရေစုပ်စက်များ၊ လေဖြည့်စက်များ (Aerators/Blowers) နှင့် အခြားလျှပ်စစ်ပစ္စည်းများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် Senior EP Line ဝန်ထမ်းအား ကူညီပံ့ပိုးရန်။
၂။ ပုစွန်ကန်များရှိ ရေစုပ်စက်၊ ရေတင်မော်တာ၊ Aerator နှင့် Blower များကို ပုံမှန်စစ်ဆေးရာတွင် ကူညီဆောင်ရွက်ရန်။
၃။ လျှပ်စစ်မော်တာများ၊ ကေဘယ်ကြိုးများ၊ ခလုတ်များ၊ Circuit Breaker များနှင့် Control Panel များကို စစ်ဆေးထိန်းသိမ်းရာတွင် ကူညီရန်။
၄။ လျှပ်စစ်ပစ္စည်းများ ချို့ယွင်းမှုဖြစ်ပေါ်ပါက သက်ဆိုင်ရာ Senior EP Line ဝန်ထမ်း သို့မဟုတ် Maintenance Engineer ထံ ချက်ချင်း သတင်းပို့ရန်။
၅။ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် လိုအပ်သော ကိရိယာများ၊ အပိုပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများကို ပြင်ဆင်ပေးရန်။
၆။ ကြိုတင်ကာကွယ်ထိန်းသိမ်းရေး (Preventive Maintenance) လုပ်ငန်းများတွင် ပါဝင်ကူညီရန်။
၇။ မီးစက်၊ ရေစုပ်စက်နှင့် အခြားစက်ပစ္စည်းများ၏ လည်ပတ်မှုအခြေအနေကို စောင့်ကြည့်ပြီး ပုံမှန်မဟုတ်သော အခြေအနေများကို တင်ပြရန်။
၈။ လျှပ်စစ်ပစ္စည်းများနှင့် အလုပ်လုပ်ရာတွင် လုပ်ငန်းခွင်ဘေးကင်းရေးစည်းမျဉ်းများကို လိုက်နာရန်။
၉။ လျှပ်စစ်ပစ္စည်းများ၊ လုပ်ငန်းသုံးကိရိယာများနှင့် အလုပ်နေရာကို သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းရန်။
၁၀။ မိုးရွာခြင်း၊ ရေကြီးခြင်းနှင့် ရေဝပ်ခြင်းများ ဖြစ်ပေါ်နိုင်သော ကန်ပတ်ဝန်းကျင်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးကို အထူးဂရုပြုရန်။
၁၁။ Senior EP Line ဝန်ထမ်းမှ တာဝန်ပေးအပ်သော အခြားသက်ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ရန်။
လိုအပ်ချက်များ
• အမျိုးသားဖြစ်ရမည်။
• အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ဖြစ်ရမည်။
• အထက်တန်းအဆင့် ပညာအရည်အချင်းရှိရမည်။
• လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်လုပ်ကိုင်ခြင်းကို စိတ်ဝင်စားဝါသနာပါသူ ဖြစ်ရမည်။
ခံစားခွင့်များ
• ရက်မှန်ကြေး
• နှစ်စဉ်လစာတိုးမြှင့်ခြင်း
• နှစ်ပြည့်ဆုကြေး
• နေထိုင်စရာနှင့် တစ်နေ့လျှင် ထမင်း (၃) နပ် အခမဲ့စီစဉ်ပေးခြင်း

